ဟုတ်ကဲ့..
ကျွန်တော်လည်းသမ္မတဖြစ်ချင်ပါတယ်ခင်ညာ။
ကျုပ်တို့နိုင်ငံမှာသမ္မတဖြစ်ချင်တဲ့ သူတွေက များ နေတယ်။ သမ္မတဖြစ်ချင်တယ်လို့
ဗြောင်ကျကျ ဖွင့်ပြောခဲ့ သူကတော့ (NLD)ကဒေါ်အောင်ဆန်း စုကြည်ပဲ။
သူ့နောက်မှာ
ပြောလာသူကတော့လက် ရှိ ပြည်ထောင်စု လွှတ်တော်နာယကကြီးလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးလဲဖြစ်တဲ့
သူရဦးရွှေမန်း၊ အဲ.. မပွင့်တပွင့်နဲ့ မတင်မကျပြော လာသူကတော့ လက်ရှိသမ္မတဖြစ်တဲ့ဦးသိန်းစိန်၊ ပြည်သူကအမှန်တကယ်လိုအပ်ရင် ဆိုပါလားဗျာ၊ မရှက်မကြောက် ဗြောင်ဖွင့်ပြောကြတယ်လေ။