မသီတာထွေးမှသည် ရခိုင်အမျိုးသမီးအားလုံး ဘဝလုံခြုံမှု ရရှိရေး

သွေးနဲ့ပေးဆပ်ခဲ့သော ရခိုင်အမျိုးသမီး အာဇာနည် မသီတာထွေး ကောင်းရာသုဂတိရောက်ပါစေ

Saturday, June 30, 2012

ကုလား ရခိုင် အဓိကရုဏ်းဖြစ်ရန်တမင်ဖန်တီးသူဟု စွပ်စွဲကာ ရခိုင်တိုင်းရင်းသားတစ်ဦးအား စံနမှုနာပြ ထောင်ဒဏ်ချမှတ်မည်ဟုဆို။


ကျောက်ဖြူမြို့ မူဆလင်ကုလား နွားလှည်းသမားနှင့် ရခိုင်ဆိုက္ကားသမား တစ်ဦးနှင့်တစ်ဦး လမ်းကျဉ်းလေးတစ်ခုတွင် လမ်းဖယ်ရင်း ကတောက်ကဆ စကားများရာမှ ကိုမောင်မောင်ဆိုသူအား ရဲများလာရောက်ဖမ်းဆီးပြီး  ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီတောင်၊ မောင်တော နေရာများကဲ့သို့  ကုလား ရခိုင် အဓိကရုဏ်းဖြစ်ရန်တမင်ဖန်တီးသူဟု စွပ်စွဲကာ ရခိုင်တိုင်းရင်းသား များကို စံပြအနေနှင့် ထောင်ဒဏ်ချမှတ်ရန် ရခိုင်ပြည်နယ်ဥပဒေအရာရှိချုပ်ကိုယ်တိုင် စီစဉ်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

၂၅.၆.၂၀၁၂ နေ့တွင် ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်၊ ဂုန္တလာလမ်းပေါ်တွင် ကုလားနွားလှည်းနှင့် ရခိုင်ဆိုက္ကားတို့ နေ့လယ် ၁၂ နာရီခန့် လမ်းကျဉ်းလေးတခုတွင် သွားလာရခတ်နေသည့် တယောက်နဲ တယောက် လမ်းဖယ်ရန် စကားများကြရာမှ ရခိုင် ဆိုက္ကားသမားကိုမောင်မောင်(ခ) ကိုထွေးဝေအား ညနေ ၃နာရီခန့်တွင် ကိုမောင်မောင်အိမ်သို့ ရဲအဖွဲ့မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။
ကိုမောင်မောင်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ချိန်တွင် ကိုမောင်မောင်သည် မိမိအိမ်ပေါ်၌ အိမ်နေစဉ် ၎င်းနှင့် အတူ မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိဘဲ ရဲများမှရှာဖွေသောအခါ အိမ်သုံးဓါး တစ်ချောင်းကိုယူဆောင်ကာ ပြစ်မှု ဥပဒေ ပုဒ်မ ၁၉(င)နှင့် စွဲချက်တင်ထားပြီး ဇူလိုင်လ ၂ ရက် တနင်္လာနေ့ တွင် စီရင်ချက်ချမည်ဟု သတင်းရရှိပါသည်။
ကိုမောင်မောင်တွင် အရွယ်မရောက်သေးသော ကလေးနှစ်ယောက်၊ အလုပ်အကိုင်မရှိသော ဇနီးနှင့် မိခင်အိုတစ်ယောက်အား ဆိုက္ကားနင်း၍ အသက်မွေးဝမ်းကြောင်းပြုနေရသူဖြစ်ပြီး ကိုမောင်မောင်သည်။ အဆိုပါ နွားလှည်မောင်နင်သူအား ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့ခြင်းမရှိသည့် အပြင် လက်နတ်၊ဒုတ်ဓါးဖြင့် လည်း ရမ်းကားခြင်းမရှိကြောင်း ၎င်းပတ်ဝန်းကျင်ရှိ ရပ်ကွက်သူ/သားများမှပြောကြသည်။
အဆိုပါပြစ်မှု ဥပဒေ ပုဒ်မ ၁၉(င) သည် ထောင်ဒဏ် ၃နှစ် အထိကျခံနိုင်ကြောင်း မြို့ပေါ် ဥပဒေ ပညာရှင်တစ်ဦးက ပြောပါသည်၊ သို့ပါ၍ ကိုမောင်မောင်၏ အမှုသည် ၎င်းပုဒ်မနှင့် စွဲဆိုချက်တင်ထားသည်မှာ တရားမျတမှု မရှိကြောင်းနှင့် ပြည်သူလူထုအပေါ် စိတ်ဝမ်းကွဲပြားအောင် တမင်ဖန်တီးစွဲဆိုမှုများနှင့်တူသည်ဟု မြို့ပေါ်မှ ရခိုင်ပြည်သူ/သားများမှ မကျေနပ်မှုများဖြစ်ပေါ်နေကြောင်းသိရှိရသည်။

2 comments:

ကိုယ့်မေကိုလိုးရဲတွေ မတရာလုပ်နေကြတယ်

ဒါတွေကို ဖန်တီးနေတာကလည်း စစ်အစိုးရပဲလေ မောင်ရင်ရေ့။ ပရိပက္ခဖြစ်လေ သူတို့မြဲလေပဲလေ။ ဒီလုပ်ကွက်တွေကို အသိဉာဏ်ရှိသူတိုင်း နောကျေနေပြီဗျို့။

Post a Comment